YouTube ကနေ Video File တွေကို ဒေါင်းလုပ်ရယူနည်း

Youtube ကနေ Video File ကို Download လုပ်ရာမှာ Internet Download Manager နဲ့ ရတဲ့အခါ ရသလို မရသည့်အခါများလဲ ရှိတတ်ပါတယ်။ ဒါကြောင့် Youtube ကနေ Video Download လွယ်ကူစေဖို့ အောက်ပါ နည်းလမ်းများအတိုင်း လုပ်လိုက်ပါ..



နည်းလမ်း(၁)

IDM ကဲ့သို့ Download ယူရာတွင် ကောင်းမွန်သော DownloadThemAll ကို Firefox တွင် addons အဖြစ် သွင်းရပါမည်။
add to firefox ကို နှိပ်ပါ။ အပေါ်တွင် Allow ဆိုတာလေးကို နှိပ်ပါ။ ခဏစောင့်ပါ။
Install လုပ်ရန်အတွက် Box တစ်ခု ကျလာ လိမ့် မည်။ Install Now ကို နှိပ်ပါ။
Firefox ကို restart ချခိုင်းလိမ့်မည်။ restart ကိုနှိပ် လိုက်ပါ။


နည်းလမ်း(၂)

ပြီးပါက Firefox ရှိ Tools menu တွင် Add-ons ကိုနှိပ်လိုက်ပါ။
Add-ons Manager tab ပေါ်လာပါလိမ့်မည်။
ညာဘက်ဒေါင့်အပေါ်ရှိ search all add-ons နေရာတွင် youtube video download ဆိုတာကို ရိုက်ထည့် လိုက်ပါ။
ပေါ်လာသည့်အထဲမှ Download Youtube Videos as Mp4 and FLV ကို Install လုပ်ပါ။
ပြီးပါက Firefox ကို restart ချခိုင်းလိမ့်မည်။ ချလိုက်ပါ။
www.youtube.com တွင် နှစ်သက်ရာ ဗီဒီယို ရှာဖွေပါ။ အဆိုပါ ဗီဒီယိုအောက်တွင် Download ဆိုတာ ပေါ်နေပါလိမ့်မည်။ Download လုပ်ပါက Downthemall ဖြင့် Download ယူပါက မြန်ဆန်စွာ ရရှိပါမည်။
အထက်ပါနည်းလမ်းများနဲ့ လုပ်ကြည့်ပြီး အဆင်ပြေနိုင်ပါစေ..... ^.^

Source: www.mmcollection.info

ဒါမှမဟုတ် website တွေသုံးပြီး Download လုပ်ချင်ရင်တော့ အောက်မှာ ဖော်ပြထားတဲ့ ဆိုဒ်တွေကို သွားပြီး download လုပ်ီုနှိင်ပါတယ်။

www.tubeleecher.com

www.fetchvideo.com



0 comments:

Post a Comment